သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ်စိုက်ပျိုးရေးကဏ္ဍနှင့် သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းမျာအတွက် ချေးငွေထုတ်ချေးမှု အခမ်းအနားကျင်းပ

သရက် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ် စိုက်ပျိုးရေးကဏ္ဍနှင့်သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးမှုအခမ်းအနားကျင်းပခြင်းကို ယမန်နေ့နေ့လည်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး စိုက်ပျိုးရေးအသင်းအဖွဲ့(၃၄)ဖွဲ့မှ တောင်သူ(၂၇၉)ဦး အတွက် စိုက်ပျိုးရေးကဏ္ဍအတွက် ငွေကျပ်(၁၁၁၇၅၀၀၀၀)ကျပ်/နှင့် သမဝါယမကဏ္ဍအတွက် ငွေကျပ်(၇၂၀၀၀၀၀၀)ကျပ်/အား မြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေးအပ်ရာ အသင်းအဖွဲ့များမှ လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)