ဂွ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နယ်မြေခံတပ်ရင်း (၂) ရင်းမှ စာကြည့်တိုက် တာဝန်ခံများအား စာကြည့်တိုက်လုပ်ငန်း စွမ်းဆောင်ရည်များ မြင့်မားစေရန် ရည်ရွယ်၍ စက်တင်ဘာလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ အခြေခံစာကြည့်တိုက် ပညာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်း၊ မျိုးတူစုပြုခြင်းလုပ်ငန်း၊ ကက်တလောက် ရေးသွင်းနည်းလုပ်ငန်းများကို ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်နှင့် ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းတို့က နယ်မြေခံတပ်ရင်း(၂)ရင်းမှ စာကြည့်တိုက်တာဝန်ခံများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းအား မွန်းလွဲ (၁) နာရီမှ (၃) နာရီအထိ (၃) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်