မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီပြိုင်ပွဲ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုးညှင်း စက်တင်ဘာ  ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲများကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲပြပွဲများ ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား အသိပညာဗဟုသုတများ တိုးပွားပြီး ဉာဏ်ရည် ဉာဏ်သွေးများ မြင့်မားလာစေရန်နှင့် တီထွင်ကြံဆ တတ်စေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ကျင်းပရာ အထက(ခွဲ)နားခါကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ တာဝန်ရှိသူ များက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် အဆိုပါ ခန်းမတွင် ခင်းကျင်းပြသထားသည့် သုတရသစာအုပ်ပေါင်း (၂၀၀)ကျော်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်း ရေး အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း