မော်လိုက် စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်း စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်းတန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်မော်နှင့် ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းတို့က သင်တန်း ထွက်ကုန်ချောပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများက သင်တန်းသား/သင်းတန်းသူများ ချုပ်လုပ်ထားသော အထည်များကို လည့်ပတ်ကြည့်ရှုခဲ့ကြပြီး သင်တန်းသားများနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)