ဖြူး စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသူများအား(HPV)ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် အ.ထ.က(၂)ကျောင်းနှင့် တပ်တွင်းအ.လ.ကကျောင်း(ခွဲ)ရှိ ကျောင်းသူများအား (HPV)ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကူညီပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအတွက်ဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း (၁-၉-၂၀၁၁)ရက်နေ့မှ(၃၁-၈-၂၀၁၄)ရက်နေ့အတွင်း မွေးဖွားသော အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများအား ဖြူးမြို့နယ်အတွင်းကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းအနေဖြင့် ကျောင်းပေါင်း(၁၇၇)ကျောင်း၊ ကျောင်းသူဦးရေ(၅၇၉၅)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ရာ ထပ်မံ၍အောက်တိုဘာလ(၁၆)ရက်နေ့မှ အောက်တိုဘာလ(၂၇)ရက်နေ့အထိကာလအတွင်း ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)