သနပ်ပင် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အ.လ.က(ခွဲ) ဈေးပိုင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က(ခွဲ)ဈေးပိုင်းကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းဆွေက ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လူငယ်လူရွယ်များကို အားကစားဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အားကစားပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေခြင်း၊ စိတ်စွမ်းအားနှင့်စိတ်အာရုံစုစည်းမှုပိုမိုကောင်းမွန်ခြင်း၊ ကျန်းမာရေးကိုအထောက်အကူဖြစ်မည့် အားကစားနည်းများစသည့်အကြောင်းအရာများဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညိုပြာက လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
လှမိုး(ပြန်/ဆက်)