ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကင်း   စက်တင်ဘာ   ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများစာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အ‌မြော်အမြင်များအား မျှဝေတတ်စေရန် စာပေမှရသောအသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်းမြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊    ဦးစီးအရာရှိဒေါ်လှလှထွေးက တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏   ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့အတွင်းရေးမှူး စာရေးဆရာမမအေးပွင့်က စာရေးဆရာ‌မောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"ခေါင်းစဉ်ဖြင့် ဦးစွာဖတ်ကြားဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်ဆရာဦးမြင့်မောင်မှ စာအုပ်ပါအကြောင်းအရာခေါင်းစဉ်များအားလည်းကောင်း  တစ်ဦးချင်းစီအမြင်ချင်းဖလှယ်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့ ရန်ကင်းမြို့နယ် Book Club အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ်စာရေးဆရာမ မအေးပွင့်နှင့် စာရေးဆရာမြတ်နိုး(ရန်ကင်း)၊ စာရေးဆရာကိုရွှေဝင်းသန့် ၊ စာရေးဆရာမမြင့်ချိုချို (စက်မှုတက္ကသိုလ်)နှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့စုစုပေါင်း(၅)ဦးတို့တက်ရောက်ခဲ့ကြပြီး မြို့နယ် Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းများ၊ ရေးသူဖတ်သူဆွေးနွေးပွဲများကို စဥ်ဆက်မပြတ်‌ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လှလှထွေး(ပြန်/ဆက်)