ဝိုင်းမော် စက်တင်ဘာ ၂၀
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အကြို ပန်းချီပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အထက်တန်းအဆင့် ကျောင်းသား/သူ (၃၀) ဦးက “ရဲနှင့်ပြည်သူလက်တွဲကူ မူးယစ်ဟူသမျှ တိုက်ဖျက်ကြ” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပပြု လုပ်ရာသို့၊ မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်၊ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဌ အမျိုးသားစာပေဆုရ စာရေးဆရာ အကြီးကိုကို (ကသာ)၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောနွဲ့အောင်ခမ်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပန်းချီပြိုင်ပွဲမှ ဆုရရှိသော ကျောင်းသား/သူများအား စက်တင်ဘာ ၂၃ ရက်တွင် ဝိုင်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျပန်း စကားပြောပြိုင်ပွဲတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့က ပူးပေါင်းကျင်းပခဲ့ သည်။
ဖြူစင်