ခန္တီးမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

ခန္တီး စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က(၇) နားမေတ္တာကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.မ.က(၇) နားမေတ္တာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောသန္တာက အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးသည့် လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လုပ်သားရုပ်သံ ဦးအောင်လွင်ဉီးက စာရေးဆရာ ထိန်လင်းရေးသားထားသည့် မြန်မာ့ ရိုးရာပုံပြင်များစာအုပ်မှ “ကျေးဇူးရှင်ကို ပြစ်မှားသော မြေခွေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကလေးပုံပြင်စာအုပ်များအား ခင်းကျင်းပြသခဲ့ရာ တက်ရောက် လာကြသော ကျောင်းသား/သူ လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)