မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့ပေါ်ကျောင်းများအားလုံး သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး

မိုင်းခုတ် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အ​​​​ခြေခံပညာအထက်တန်း​ကျောင်း၌ မြို့ပေါ်ကျောင်းများအားလုံးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က စတင်၍ ‌အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော အမျိုးသမီးငယ်ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျေးလက်ကျန်းမာရေး ဆရာမ ဒေါ်​ကေသီထွန်း ဦး​ဆောင်​​သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးပြီး မြို့ပေါ်ကျောင်းများမှ ဆရာ၊ ဆရာမများက ကြည့်ရှုအား‌ပေး စောင့်ရှောက်ခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေးဌာနမှ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးရာတွင် (၁.၉.၂၀၁၁) ခုနှစ်မှ (၃၁.၈.၂၀၁၄) ခုနှစ်အတွင်း‌ မွေးဖွားသော အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော မိန်းကလေးများအား‌ ထိုးနှံပေးခြင်းဖြစ်ရာ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို စက်တင်ဘာ (၁၈) ရက်နေ့မှ စက်တင်ဘာ (၂၈) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကို အောက်တိုဘာ (၁၆) ရက်နေ့မှ အောက်တိုဘာ (၂၇) ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)