နမ့်ဆန်မြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

နမ့်ဆန် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်()နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာကြူက ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းတွင် မိုးဂဲရပ်ကွက်ရှိ အမှတ်() အခြေခံပညာမူလတန်းကျောင်းနှင့် မူလတန်းကျောင်း ()ကျောင်းတို့၌ မိဘအုပ်ထိန်းသူ၏ သဘောတူလက်မှတ်ရေးထိုးမှုဖြင့် ကျောင်းသူ (၆၉)ဦးအား ကွင်းဆင်းထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်းကျန်ရှိသည့် အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာကြူထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)