ကျေးသီးမြို့နယ် (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်း ကျင်းပ

ကျေးသီး စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍( Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ် (၂)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်တွင်ပါရှိသည့် လူငယ်တွေအတွက် “လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ တပည့်တွေအ‌ကြောင်း၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ သူတို့ပြောတဲ့မြန်မာအကြောင်း၊ ဆွေမျိုးမစပ်သော ဆွေမျိုးများ၏ ၊ တံတွေးသောက်သူ၊ အာစရိယပူဇော်ပွဲကအပြန်” စသည့်ဆောင်းပါးများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်လာကြပြီး အပြန်အလှန် ဖတ်ကြားဆွေးနွေး မေးမြန်းခဲ့ကြောင်း စာအုပ်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)