ရေးမြို့နယ်တွင် စားအုန်းဆီ(၁)ပိသာလျှင် (၄၄၅၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး
Sep 13,2023
မွန်ပြည်နယ်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မော်လမြိုင်ဆီကုန်သည်ကြီးများအသင်းဦးဆောင်၍ စားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆီ(၁)ပိသာ(၄၄၅၀)ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေးမြို့၊ အောင်င်္ဂလာရပ်ကွက်၊ အောင်သီတာစျေးနှင့် မွန်းလွဲ ၁ နာရီအချိန်က ချောင်းတောင်တံတားအနီး(ညစျေး)တို့တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။