သတင်းများ

မအီမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ
Sep 13,2023
မအီမြို့ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့ ညနေက အဆိုပါကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Sep 13,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/မများနှင့် မြို့စည်ပင်သာယာရေးရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်း ပေးခဲ့သည်။
ဘူးသီးတောင်မြို့ Community Centre ခန်းမ၌ ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲရေးသင်တန်း ဖွင့်လှစ်
Sep 13,2023
ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်စေရန် ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲရေးသင်တန်းကို ယနေ့နံနက် ၁၂ နာရီက ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
ရမည်းသင်းမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝါတိုးရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ "လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ" ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
မြေပုံမြို့နယ်၌ စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ်
Sep 13,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ကံသာထွက်ဝရပ်ကွက်၊ မြို့မကွင်းရှိ၊ နည်းပညာပြန့်ပွားရေးစံတာ (KC) ၌ပြုလုပ်သည်။
မတ္တရာမြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Sep 13,2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ခင်းကျင်းပြသ
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community    Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက် လာသည့်နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်
Sep 13,2023
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား( ၇၉)ဦး ၊ အမျိုးသမီး(၃၂)ဦး ၊စုစုပေါင်း (၁၁၁)ဦးအား ယနေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။