ဘူးသီးတောင်မြို့ Community Centre ခန်းမ၌ ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲရေးသင်တန်း ဖွင့်လှစ်

ဘူးသီးတောင် စက်တင်ဘာ ၁၃

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်စေရန် ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲရေးသင်တန်းကို ယနေ့နံနက် ၁၂ နာရီက ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေထားသည့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်းသင်ခန်းစာမှတ်စုများ စာအုပ်ပါ ပြည်သူ့စာကြည့်တိုက်များစီမံခန့်ခွဲရေးဘာသာရပ်ကို ဦးစီးအရာရှိဒေါ်အေးအေးအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးတို့က ဌာနတွင်းဝန်ထမ်းများအား သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းချိန်မှာ နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီထိဖြစ်ကာ သင်တန်းကာလမှာ (၂) ရက်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်း၌ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှားစနစ်၊ စာကြည့်တိုက်ပုံမှန်စစ်ဆေးနှင့် စာကြည့်တိုက်၀န်ဆောင်မှုလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဥ်တို့ကို စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)