ရမည်းသင်း စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝါတိုးရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ "လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ" ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်းက လူကုန်ကူးမှုပပျောက်ရေးအရေးကြီးပုံများ၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည့်အတွက် အထူးသတိထားရမည့်အချက်များ၊ ထိခိုက်စေမည့်ဆိုးကျိုးများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတ ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဆုလက်ဆောင်များချီးမြှင့်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကိုပြသခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ရမည်းသင်း)