သင်္ဃန်းကျွန်း စက်တင်ဘာ ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် (Woman Club) တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စက်တင်ဘာ၂၈ရက်နေ့ နေ့လည်(၃)နာရီ အချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (Woman Club) အဖွဲ့ဝင် စာရေးမ မေမြတ်စန္ဒာက “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်တွင် ပါရှိသည့် “အလိုရှိရုံမျှနှင့်မဖြစ်နိုင်ပေ။ အောင်မြင်ဖို့ကား ထက်ထက်သန်သန်ဆန္ဒရှိရပေမည်။ ထိုဆန္ဒသည် အိပ်ချိန်များကို တိုတောင်းသွားစေရမည်”စသည်တို့ကို ဖတ်ပြဆွေးနွေးခဲ့သည်”။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Woman Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက အမေးအဖြေများ ကဏ္ဍတွင် ပါရှိသည့်အကြောင်းအရာများကို ဖတ်ပြ၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(ခရိုင်ပြန်/ဆက်)