ပေါင် အောက်တိုဘာ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.မ.က) ဂွေးပင်ချောင်ကျောင်း၌ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်သိန်းက ယခုလို ပညာရည်ချွန်ဆုချီးမြှင့်ခြင်းဖြင့် ကျောင်းသားလူငယ်များ ကျောင်းစာကို ပိုမိုကြိုးစားကြစေရန်နှင့် လူတော်လူကောင်းများဖြစ်စေရန် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့ပြင် မိဘဆရာအသင်းအလုပ်အမှုဆောင် ဦးကျော်ဇေလတ်က ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိဘများစုံစုံလင်လင် တက်ရောက်ချီးမြှင့်ကြတာကို ဝမ်းသာပါကြောင်း၊ ထူးချွန်ထက်မြက်အောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ဆက်လက်ကြိုးစားပေးကြဖို့ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက KG မှ Grade (5)ထိ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အဆင့် (allA)ရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် အတူဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်အေးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)