တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပ

တာလေ ဩဂုတ် ၁၇

ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံခိုင်စေရန်၊ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းတွင်း အသက်(၁၂)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ အသက်(၁၂)နှစ်အောက် လိမ္မော်အသင်းနှင့် အဝါအသင်းမှ ကျောင်းသားများ တစ်သင်းလျှင် (၁၁)ယောက်စီဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိရာ အသင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ အားပေးလျက်ရှိပြီး ကျန်ရှိသည့် အသင်းများသည် သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)