မြင်းခြံမြို့ အထက(၂) ကျောင်း၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြင်းခြံ ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ် ၁၅ ရက် နံနက် (၁၀) နာရီ အချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အခြေခံပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်လေးလေးနိုင် က အမျိုးသမီးရေးရာအကြောင်းအရာကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က လူငယ်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးအကြောင်းအရာကို လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရီရီဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် သိရှိရမည့်အချက် များကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ခရိုင်အခြေခံပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်ချို၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်ရီရီဝင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်များအား ပြသထားရာ တက်ရောက်လာသူများမှ ကြည့်ရှုခဲ့ကြောင်း သိရသည်။                        

ကျော်စွာ(မြင်းခြံ)

 

ကျော်စွာ(မြင်းခြံ)