ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က IESF World Championship 2023 ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် Team Myanmar Dota 2 အသင်းအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆို

ရန်ကုန် စက်တင်ဘာ ၈

မြန်မာ့လက်ရွေးစင် .. Dota 2 အသင်း Team Myanmar သည် ရိုမေးနီးယားနိုင်ငံ၌ ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ နိုင်ငံပေါင်း ၁၁၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် International Esports Federation (IESF) World Championship 2023 ပြိုင်ပွဲတွင် အဆင့်ဆင့်ပါဝင်ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိခဲ့သည်။

အဆိုပါမြန်မာ့လက်ရွေးစင် .. Dota  2 အသင်း Team Myanmar အသင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)