ဝိုင်းမော် စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပညာရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံး၊ အောင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအံ့ခိုင်မှ ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးကျော်သူမှ ဝိုင်းမော်မြို့နယ်အတွင်း သမဝါယမအသင်းများ ဖွဲ့စည်းထားရှိမှုနှင့် သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမအသင်းများ တိုးတက်များပြားရေးတို့အတွက် လမ်းညွှန်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြား တင်ပြကာ တက်ရောက်လာသည့် အသင်းသား/သူများက ဖတ်ကြားရှင်းလင်းချက်များအပေါ် အကြံပြုဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် သဘာပတိနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ သဘာပတိမှ တက်ရောက်လာသူများထံမှ အတည်ပြုချက် ရယူခဲ့သည်။
ဆက်လက်၍ သဘာပတိနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ (၄၆)ဦးနှင့် ဂုဏ်ထူးရသူ (၉) ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပညာရေးသမဝါယမအသင်း လီမီတက်မှ နှုတ်ထွက်သွားသူများနေရာတွင် အမှုဆောင်သစ်များအား အများသဘော ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမှုဆောင်သစ်များအားဥက္ကဌမှ အတည် ပြုချက်ရယူ၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားသို့ ပညာရေး သမဝါယမ အသင်းလီမီတက် သဘာပတိနှင့် အမှုဆောင်ကော်မတီဝင်များ၊ အသင်းဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ အင်အား (၁၃၆) ဦးခန့် တက်ရောက်ကြောင်း သတင်း ရရှိ သည်။
ဖြူစင်