တပ်ကုန်းမြို့နယ်တွင် မိုး‌အစေ့ထုတ်ပြောင်း ၁၇၆၃ ဧက စိုက်ပျိုး

တပ်ကုန်း စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျေးလက်တောင်သူများ မိုးသီးနှံအဖြစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးကြပြီး ယနေ့အထိ ၁၇၆၃ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်းကို  ၃၁၀၀ ဧက လျာထား စိုက် ပျိုးပြီး၊ လက်ရှိအချိန်အထိ  ၁၇၆၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး တောင်သူများ တွက်ခြေကိုက်သီးနှံဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ခင်းများ ပိုးမွှားပင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရပြီး ယခုလက်ရှိပေါက်ဈေးတွင် အစေ့ထုတ်ပြောင်း အူတိုင်ပါ တစ်ပိဿာလျှင် ၁၇၀၀ ကျပ်ရောင်းချရကြောင်း ကြံဘိုကျေးရွာ အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

တင်စိုးလွင်