မက်မန်းမြို့နယ်တွင် “လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်”နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

မက်မန်း စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်များ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက် မြတ်စေရန် ရည်ရွယ်၍ “လူငယ်နှင့် ပြည်ထောင်စုစိတ်ဓာတ်”နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြသရာတွင် လူငယ်များ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအတွက် ပြည် ထောင်စုတိုင်းရင်းသားများ၏ မှတ်တမ်းဓာတ်ပုံများ၊ ဒေသဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းဒေသကြီး/ပြည်များများ၏ မှတ်တမ်းဓာတ်ပုံများ၊ ပြည် ထောင်စုတိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများဖြင့် ပြသခဲ့ရာ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)