သတင်းများ

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာ
Sep 12,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ ခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်း လာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
ကွန်ဟိန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဉပဒရုံးတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ကွတ်ခိုင်မြို့တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးရှိ ဝန်ထမ်းများဆီသို့ စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ၇၀၀ ဦးမှ ၁၀၀၀ ဦးခန့်ဝင်ရောက်ဖူးမြော်
Sep 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ယခုတစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူများပြားလာနေကြောင်း မီနီအိုးဝေအငှား လိုက်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်း
Sep 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေအခြေအနေများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ် အ.မ.က (၉) ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ
Sep 12,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ
Sep 12,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်စကားဝိုင်း ဆေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ အထက်တန်းကျောင်း " မြရတနာ " ကျောင်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။
အမရပူရမြို့နယ်ရှိ ကျောင်းသူ(၅၀)ဦးအား မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းက ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 12,2023
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (မန္တလေး)(MWEA)၏ ပညာ့မိခင် အစီအစဉ်အဖြစ် ပညာသင်ထောက်ပံ့ပစ္စည်းများဖြင့် ကျောင်းသူလေးများအား ကျောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ကျင်းပခဲ့သည်။