ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ၇၀၀ ဦးမှ ၁၀၀၀ ဦးခန့်ဝင်ရောက်ဖူးမြော်

ညောင်ဦး  စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ယခုတစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူများပြားလာနေကြောင်း မီနီအိုးဝေအငှား လိုက်သူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးလာရောက်သူများသည် ကျောက်ပန်းတောင်း မြို့နယ်အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာ ပုပ္ပားတောင်ကလပ်ရှိ အဘအောင်မင်းခေါင်၏ (၇၁)နှစ်မြောက် အဘထွက်ပွဲသို့ လာရောက်ကြရင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ နေ့ခြင်းပြန်လာရောက်ကြခြင်းဖြစ်ကြောင်း ယခုရက်ပိုင်း ဘုရားဖူးတွေ အတော်များလာတယ်၊ ဟဲဟိုး၊ တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေး၊ ရေစကြို၊ ယင်းမာပင်၊ ဖားကန့်၊ မိုးကုတ်၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ သာယာ ဝတီ၊ လယ်ဝေး၊  နေပြည်တော်စတဲ့ မြို့တွေက နေလာရောက်ကြကြောင်း၊ ပုဂံ-ညောင်ဦးသို့ လာရောက်ဘုရားဖူးရင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပား-တောင်ကလပ်သို့လည်း သွားရောက်ကြကြောင်း၊ ပုဂံဒေသမှာ သမိုင်းဝင်အထင်ကရဘုရားများဖြစ်တဲ့ တုရင်တောင် စွယ်တော် မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ မနုဟာ၊ အာနန္ဒာ၊ ဗူးဘုရား၊အလိုတော်ပြည့်၊ ကျောက်ဂူဉမင်၊ ပြဿကြီးဘုရား၊ သဗ္ဗညုဘုရားနှင့် ကန်တော့ ပလ္လင်ဘုရားများသို့လာရောက်ဖူးမြော်သူ ၇၀၀ ဦးမှ ၁၀၀၀ ဦးအထိလာရောက်ကြပြီး စနေ၊ တနင်္ဂနွေရက်များတွင် ၁၀၀၀ ဦးကျော်လာရောက်လေ့လာ ဖူးမြော်ကြကြောင်း သိရသည်။ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများအပြင် ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက် အဦ၊ စေတီပုထိုး၊ ဘုရားများရှိ နံရံဆေးရေး ပန်းချီများကိုလည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း ယခုရက်ပိုင်းလို မျိုးဘုရားဖူးများ လာရောက်ခဲ့ပါက ဈေးဆိုင်များ၊ မြင်းလှည်းအငှားလိုက်သမားများ၊ အီးဗိုက်ငှားစားသူများ၊ မီနီအိုးဝေခေါ်သုံး ဘီးအငှားသမားများ၊စားသောက်ဆိုင်များ အဆင်ပြေနေကြကြောင်း၊ ပုပ္ပား၊ တောင်ကလပ် အဘအောင်မင်းခေါင်၏ (၇၁)ကြိမ် မြောက် ဘိုးတော်ထွက်ပွဲလာရောက်ကြသူ များသည်လည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တဆက်တစပ်တည်း လာရောက်ကြ ကြောင်းသိရသည်။

ဒီပါလင်း