ညောင်ဦး စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေအခြေအနေများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၀၂၁ စင်တီမီတာအောက် ၉၀ စင်တီမီတာ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်ရက်များတွင် ဆက်လက်ကျဆင်းသွားနိုင်ကြောင်း ညောင်ဦးခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတာဝန်ခံ ဒေါ်ခင်လှနု ထွေးထံကသိရသည်။
ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေတိုင်း ထွာမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့လေ့ကျင့်ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စုတစ်စု အင်အား(၃၅)ဦး ဖြင့်စုဖွဲ့ထားရှိကြောင်း အရေးပေါ်အခြေအနေဖြစ်ပေါ်ခဲ့ပါက တယ်လီဖုန်း၁၉၁၊ ၀၆၁၂၄၆၀၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံက သိရသည်။
ဒီပါလင်း