မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ

မအီ     စက်တင်ဘာ     ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်စကားဝိုင်း ဆေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ အထက်တန်းကျောင်း " မြရတနာ " ကျောင်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်နောင်ထွန်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမြတ်မြတ်ခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးစီးမှူး ဦးသက်နောင်ထွန်းက ဦးဆောင်ဆွေးနွေး သူအဖြစ် ဆောင်ရွက်ပြီး အ. ထ. က(မအီ)ကျောင်းမှ အထက်တန်းကျောင်းသားကျောင်းသူများက "လူငယ်နှင့် အားကစား" " လူငယ်နှင့် အနုပညာ " " လူငယ်နှင့် ယဉ်ကျေးမှု " " လူငယ်နှင့် ပျင်းရိ ခြင်း " " လူငယ်နှင့် စာရိတ္တ " " လူငယ်နှင့် စာဖတ်ဝါသနာ " " လူငယ်နှင့် ကျန်းမာရေး " " လူငယ် နှင့် စာဖတ်ခြင်း " " လူငယ်နှင့် မူးယစ်ဆေးဝါး " ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် " ကလေးအလုပ်သမား ပပျောင်းရေး " အသိပညာရေး နံရံကပ်စာစောင် နှင့် " လူကုန်ကူးမှု တားဆီးကာကွယ်ရေး " အသိပညာပေး နံရံကပ်စာစောင်တို့အား တက်ရောက် လာကြသူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)