ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ဆိပ်ကြီးခနောင်တို  စက်တင်ဘာ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်ဦးက ယခုကဲ့သို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာရေးဆရာမခင်စောတင့်ရေးသားထားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်ထဲမှ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ခေါင်းစဉ်ပါစာအကြောင်းအရာဖြင့် ဦးဆောင်ဆွေးနွေးပြီး အဆိုပါစာအုပ်ထဲမှ “အချိန်အခါကိုသိပါ” ခေါင်းစဉ်ပါ စာအကြောင်းအရာကို Youth Club အဖွဲ့ဝင် မစံပယ်ဖူးကလည်းကောင်း၊ “မကြည်လင်တဲ့စိတ်‌နေစိတ်ထား‌တွေကိုတွန်းလှန်ကြပါစို့” ခေါင်းစဉ်ဖြင့် စာအကြောင်းအရာကို မောင်ဇင်မင်းထွန်းကလည်းကောင်း မိမိတို့ရွေးချယ်ထားသည့်ခေါင်းစဉ်အလိုက် အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာရေးဆရာမခင်စောတင့်ရေးသားထားသည့် “‌စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်ထဲမှဖော်ပြပါခေါင်းစဥ်(၃)ခုဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် “ပိုမိုကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့ စွန့်စားမှုခြေတစ်လှမ်းသာလိုအပ်ကြောင်း အောင်မြင်မှုရရှိနိုင်စေဖို့ အချိန်အခါကောင်းအသုံးချတတ်စေရန် အဆိုးမြင်စိတ်တွေဖယ်ရှားပြီး အကောင်းဘက်ကတွေးခြင်းဖြင့် ကြည်လင်သောစိတ်နေစိတ်ထားများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သဇင်ဦး(ပြန်/ဆက်)