ပေါက်ခေါင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်တွင် ချည်မျှင်ရှည်ဝါ ၂၇၇၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ ချည်မျှင်ရှည်ဝါ ၅၄၃၆ ဧက စိုက်ပျိုးထားပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကိုအဓိကထားလုက်ကိုင်ကြပြီး နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့်ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် ချည်မျှင်ရှည်ဝါနှင့်ဝါကြီးကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်းသိရသည်။ ဝါဈေးကွက်အနေဖြင့် ယခင်နှစ်က ဝါတစ်ပိသာလျှင် ၃၄၀၀ ကျပ်အထိ ဈေးရရှိသည့်အတွက် ယခုနှစ်တွင် ချည်မျှင်ရှည်ဝါကို တောင်သူများပိုမိုစိုက်ပျိုးလာကြကြောင်းနှင့် တောင်သူများဝါသီးနှံမျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်နိုင်ရေး၊ ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများဖြန့်ဝေအသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မျိုးစေ့ထုတ်စံပြစိုက်ခင်း ၈၅ ဧကကိုလည်း စိုက်ပျိုးထားရှိကြောင်းနှင့် ယခင်နှစ်ကဝါအထွက်နှုန်းမှာ တစ်ဧကလျှင်ပျမ်းမျှ ပိသာ ၆၀၀ မှ ၈၀၀ ခန့်အထိ ထွက်ရှိကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)