သတင်းများ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၃)တွင် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Sep 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အ.ထ.က(၁၃)တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉.၀၀)နာရီက အ.ထ.က(၁၃)တွင် ပြုလုပ်သည်။
မင်းဘူး- စလင်း- တညောင်- ဆိပ်ဖြူလမ်း ဆူးလေကုန်းတံတားတည်ဆောက်ရေးလုပ်ငန်း လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဆောင်ရွက်
Sep 13,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မင်းဘူး- စလင်း- တညောင်- ဆိပ်ဖြူလမ်း ဆူးလေကုန်းတံတား တည်ဆောက်ရေးလုပ်ငန်း၊ လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူရုံး၌ ကျင်းပသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  “လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” အများပြည်သူ အသိပညာပေး Talk Show   ကျင်းပ
Sep 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးမှ Online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် “လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရမှုသည် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေရကြရကြောင်း သိရှိစေရန်   အသိပညာပေး Talk Show  အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ TalkShow ပြုလုပ်
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေ ဗဟုသုတ များရရှိတိုးပွားလာ​စေရေး သိသင့်သိထိုက် သော အကြောင်းအရာများအား သိရှိလာနိုင်စေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁ဝ  နာရီအချိန်က မြို့လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ကျင်းပခဲ့သည်။
ရေးမြို့နယ်တွင် စားအုန်းဆီ(၁)ပိသာလျှင် (၄၄၅၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး
Sep 13,2023
မွန်ပြည်နယ်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မော်လမြိုင်ဆီကုန်သည်ကြီးများအသင်းဦးဆောင်၍ စားသုံးသူပြည်သူများ  စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆီ(၁)ပိသာ(၄၄၅၀)ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေးမြို့၊ အောင်င်္ဂလာရပ်ကွက်၊ အောင်သီတာစျေးနှင့် မွန်းလွဲ ၁ နာရီအချိန်က ချောင်းတောင်တံတားအနီး(ညစျေး)တို့တွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ငပလီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Libraryဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရပေး
Sep 13,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Sep 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်‌နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်းသိရသည်။
နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဘဝအတွက်တာကျွမ်းကျင်စရာ သင်တန်းဆွေးနွေးပွဲ ဆောင်ရွက်
Sep 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်ကြီးမြို့နယ်အခြေစိုက် ‘ကမ်းလက်မေတ္တာ’ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆောင်ရွက်သည့် ဘဝအတွက်တာကျွမ်းကျင်စရာ သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။