သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Sep 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူထုအခြေပြု ငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း (Township Coordination Meeting )နှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ငပုတောမြို့ အ​ခြေခံပညာအထက်တန်းကျောင်း ကမ်းနီကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တာရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် ကျင်းပ
Sep 16,2023
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက သိသင့်သိထိုက်သည်များ သိရှိနိုင်စေရန်နှင့် ကြိုတင်ပြင်ဆင် နိုင်စေရန် ရည်ရွယ်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တာရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်ကို ယမန်နေ့ နံနက်( ၉)နာရီက အင်းစိန် မြို့နယ်၊နံ့သာကုန်းရပ်ကွက်၊မင်းကြီးလမ်းရှိ အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပခဲ့သည်။
အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 16,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HVP) ထိုးနှံပေးနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ (စုပေါင်းရုံး) ဝန်းအတွင်းရှိ အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (ရှေ့တန်းရုံး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေး (HPV) ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 16,2023
ရခိုင်​ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပခဲ့သည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Sep 16,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာများ သန့်ရှင်းသာ ယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပဲခူးမြို့ အမှတ် (၂) မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
Sep 16,2023
ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန  အမှတ် (၂) မူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဉီးမြင့်စိုး လယ်ဝေးမြို့နယ် MSME အသင်းမှ ဆန်များဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး
Sep 16,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဉီးမြင့်စိုးသည် ယနေ့ညနေပိုင်းက လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနတွင် မြို့နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းရှိ  ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်များဈေးနှုန်းချိုသာစွာ ရောင်းချပေးနေခြင်းအား လာရောက်ကြည့်ရှုအားပေးသည်။