ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ဟိုပုံး   စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူထုအခြေပြု ငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း (Township Coordination Meeting )နှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာ စန်းလှိုင်က ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ပြီးမြောက်အောင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စေတနာ့ဝန်ထမ်း များနှင့်လည်းပူးပေါင်းဆောင်ကြရန် မှာကြားခဲ့သည်။ ထို့နောက် လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း ကွင်းဆင်းကြီးကြပ်ရေးမှူး ဦးစည်သူမောင်က လူထုငှက်ဖျား‌ ရောဂါ ကာကွယ်ရေး စီမံကိန်း၏ရည်ရွယ်ချက်များ၊ ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာ များကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်အတွင်း ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေတို့ကိုလည်းကောင်း၊ ငှက်ဖျားရောဂါ ဖြစ်ပွားပါက အခမဲ့ဆေးကုသပေးနေမှု အခြေအနေတို့ကိုလည်းကောင်း၊ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက် လာသည့်ဌာနဆိုင်ရာ အကြီးများ စေတနာ့ဝန်ထမ်းများက ငှက်ဖျားရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ယင်းနောက် သားအိမ်ခေါင်းကင်ဆာကြိုတင်ကာကွယ်ရေးအသိပေးဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာ စန်းလှိုင်ကအဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန သူနာပြုအဆင့် (၁)ဒေါ်ထားထားဆွေက သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေမှုအခြေအနေများ၊ သားအိမ် ခေါင်းကင်ဆာ စတင်ထိုးနှံပေးမည့်အခြေအနေ၊ သားအိမ်ခေါင်းကင်ဆာကြိုတင်ကာကွယ်‌ရေး နည်းလမ်းများ၊ သားအိမ် ခေါင်းကင်ဆာရောဂါလက္ခဏာများကို အသေးစိတ် ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့နောက် တက်‌ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)