ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား   စက်တင်ဘာ ၁၆

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာများ သန့်ရှင်းသာ ယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က ဆေးရုံအတွင်း စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများနှင့်အတူ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ လူမှု‌ကူညီရေးပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ရှင်းလင်းပေးခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများက မြစ်ကြီးနားမြို့ အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)