နေပြည်တော်ကောင်စီအဖွဲ့ဝင်ဉီးမြင့်စိုး လယ်ဝေးမြို့နယ် MSME အသင်းမှ ဆန်များဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

လယ်ဝေး စက်တင်ဘာ ၁၆

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဉီးမြင့်စိုးသည် ယနေ့ညနေပိုင်းက လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနတွင် မြို့နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းရှိ  ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်များဈေးနှုန်းချိုသာစွာ ရောင်းချပေးနေခြင်းအား လာရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ ရောင်းချရာတွင် လယ်ဝေးမြို့နယ် MSME အသင်းဥက္ကဋ္ဌဒေါ်မာမာတင်မှ ၂၄ ပြည်အိတ် ၁၀၀၊ အသင်းဝင်များမှ အိတ် ၅၀ စုစုပေါင်း ဆန်အိတ် ၁၅၀ အိတ်အား တစ်ပြည်လျှင် ၂၅၀၀ နှုန်း ဖြင့် ဝန်ထမ်းများနှင့် ပြည်သူလူထုအား တစ်အိမ်ထောင်စုလျင် ၄ ပြည်စီ ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)