အင်ဂျန်းယန် စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HVP) ထိုးနှံပေးနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ (စုပေါင်းရုံး) ဝန်းအတွင်းရှိ အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (ရှေ့တန်းရုံး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အင်ဂျန်းယန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲရင့်လှိုင်က အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး ဉီးထွေးညွန့်လွင်က မြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့် ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HVP) ထိုးနှံရေးနှင့်ပတ်သက်၍ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံရေးတွင် အ.ထ.က (အင်ဂျန်းယန်)မှ ကျောင်းသူ (၂၁)ဉီး၊ အ.မ.က-လွန်(ဇွပ်မိုင်ယန်)မှ ကျောင်းသူ (၂၁)ဉီး၊ အ.မ.က (အင်လော့ဒ်ယန်)မှ ကျောင်းသူ (၈)ဉီး၊ အ.မ.က(အင်ဂိုင်းဂေါင်)မှ ကျောင်းသူ (၁၂)ဉီး၊ အ.မ.က (တန်ဘောင်ယန်)မှ ကျောင်းသူ (၁၄)ဉီး၊ အ.မ.က(မြစ်ဆုံ)မှ ကျောင်းသူ (၄၆)ဉီး စုစုပေါင်း (၁၂၂)ဉီးကို (၁၈-၉-၂၀၂၃) ရက်မှ (၂၉-၉-၂၀၂၃)ထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံရေးတွင် ဒေသခံ (၂၈)ဉီးကို (၁၆-၁၀-၂၀၂၃)ရက်မှ (၂၇- ၁၀-၂၀၂၃)ထိ ကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)