ပဲခူး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန အမှတ် (၂) မူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၂) မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသည့်ရင်သွေးငယ်များအား ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ရင်သွေးငယ်လေးများက အကစွမ်းရည်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)