သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ညောင်တုန်းမြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Sep 14,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် အဖွဲ့သည် တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်းသန်း၊ တိုင်း‌ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး၊ တိုင်း‌ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၁၄)လမ်းနှင့် (၁၆)လမ်းကြားရှိ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပူတာအို၌ မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်
Sep 14,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ပြည်သူများအလွယ်တကူ ဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် မိုးကြိုးဘေးအန္တရာယ်ကာကွယ်ရေးကို ပြည်သူများသိရှိပြီး လိုက်နာလာစေရန်အတွက် မိုးကြိုးဘေးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းက ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 14,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့ တက်ရောက်
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သူတန်းသူ (၄၆) ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပုံပြင်ဖန်တီးပြိုင်ပွဲ ကျင်းပ
Sep 14,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် ပုံပြင်ဖန်တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကန့်ဘလူမြို့၌ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေး
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် စားသုံးဆီးများအား ပြင်ပပေါက်စျေးထက် လျှော့ချကာ ဆက်လက် ရောင်းချပေးခြင်းကို စက်တင်ဘာ ၁၄ ရက်နံနက် ၇ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်​ပေး
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့အတွင်းရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာ​ရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌အခြေပြု၍ မြို့​ပေါ်ရပ်ကွက်နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာ​တော်များနှင့်ဒေသခံပြည်သူ စုစုပေါင်း (၇၂၀) ဦးကို ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။