လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ညောင်တုန်းမြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း စက်တင်ဘာ ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် အဖွဲ့သည် တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်းသန်း၊ တိုင်း‌ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး၊ တိုင်း‌ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၁၄)လမ်းနှင့် (၁၆)လမ်းကြားရှိ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက မြစ်ကမ်းပြုပြင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ပြိုကျမြစ်ကမ်းပါး ကမ်းထိန်းနံရံပြန်လည်ပြုပြင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)