ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကျင်းပ

ကျိုင်းတုံ ဧပြီ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကို ယမန်နေ့က အမေ့ရင်ခွင်တော်တွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ အမေ့ရင်ခွင်ကျောင်းသား၊ ကျောင်သူကလေးများက ဘိုးဘေတို့အား ဆုတောင်းမေတ္တာပို့သကြပြီး အာခါတိုင်းရင်းသားအကြီးအကဲဦးမင်းညိုက ကြက်ဥနီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်ညိုနှင့် အလှူရှင်များက ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်သော ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးအထောက်အကူပြုနိုင်ရန် ငွေကျပ် သိန်း ၂၁၀ နှင့် ငလျင်ဘေးကယ်ဆယ်စောင့်ရှောက်ရေးသို့ သွားရောက်မည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကြက်ခြေနီအဖွဲ့သို့ ငွေကျပ် သိန်း ၂၀ လှူဒါန်းရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြက်ဥနီပွဲတော်အထိမ်းအမှတ် အမှတ်တရညစာစားပွဲကျင်းပခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)