သတင်းများ

မြိတ်ခရိုင် (၂၄) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 17,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၄) ကြိမ်မြောက်၊ မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန်အတွက် မြိတ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
ဂန့်ဂေါမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 17,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ဂန့်ဂေါခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) တို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို အဆိုပါကျောင်း ပုံညာခန်းမ၌ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း
Sep 17,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်အတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သည် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲကျင်းပ
Sep 17,2023
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားနှင့် စကားရည်လုပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူပညာရေး ဒီဂရီကောလိပ်၊ မဟာသရေစည်သူ ဦးဘခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲကျင်းပ
Sep 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲက အရုပ်ဆက်ပြိုင်ပွဲကို အဆိုပါ ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
နေပြည်​တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ခုတင်-၁၀၀ဆေးရုံ သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်း ဆန်နှင့် ဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေး
Sep 16,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေနံနက်ပိုင်းက လယ်ဝေးမြို့ ခုတင်-၁၀၀ ပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းသပ်ရပ်ပြီး လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူများ စိတ်အေးချမ်းစွာ ဆေးကုသမှုခံယူစေနိုင်ရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးသည်။
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
Sep 16,2023
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။       
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း
Sep 16,2023
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် ၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။