ပခုက္ကူ စက်တင်ဘာ ၁၇
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားနှင့် စကားရည်လုပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ မဟာသရေစည်သူ ဦးဘခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ (ဗဟို)မှ ပေးပို့သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုပြသခြင်း၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများထံ စာအုပ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့ သည်။
ဆက်လက်၍ စကားရည်လုပြိုင်ပွဲကျင်းပရာ ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက “ကမ္ဘာမြေကြီးလှပဖို့ ပလတ် စတစ်သုံးစွဲမှုလျော့ချစို့၊ ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ဥတုရာသီ တောကိုမှီ၏” ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)