ပခုက္ကူ စက်တင်ဘာ ၁၇
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်အတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သည် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့သွေးလှူဒါန်းရာတွင် ပခုက္ကူခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီ စုစုပေါင်း ၄၇ ဦးတို့က ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြရာ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝေဝေဦးတို့က လိုက်လံ ကြည့်ရှုအားပေးကာ သွေးလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပံ့ပို့ပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)