ရာသီချိန်မျှင်အုပ်များစတင်တွေ့ရှိ၍ မျှင်ဖမ်းသမားများအလုပ်ဖြစ်လာ

ရွှေသောင်ယံ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ရာသီချိန်မျှင်အုပ်များတွေ့ရှိလာ၍ မျှင်ဖမ်းသမားများအလုပ်ဖြစ်လာကြောင်း သိရသည်။

ဆောင်းဦးပေါက်ကာလ၌ ကမ်းခြေတွင်မျှင်အုပ်များစတင်တွေ့ရှိသဖြင့် ယခုရက်ပိုင်းအတွင်း မျှင်အုပ်ဖမ်းစက်လှေသမားများမျှင်ရှာဖွေရာ တစ်အိတ်၊ တစ်တင်းစသည်ဖြင့် အနည်းငယ်စီရရှိလာကြောင်း ပေါ်ဦးအချိန်တွင် မျှင်ငပိတစ်ပိဿာကို (၁၅၀၀၀) ဈေးဝန်းကျင်ခန့်ရှိနိုင်ကြောင်း သိရသည်။

ဒ့ါကြောင့် ရွှေသောင်ယံကမ်းခြေတွင် ယခုရက်ပိုင်းမျှင်ဖမ်းစက်လှေများကို တွေ့ရှိနေရပြီး ဒေသထွက်မျှင်ငပိများမကြာမီလှိုင်လှိုင်ထွက်ရှိတော့မည်ဖြစ်သည်။

ထို့ကြောင့်မျှင်ဖမ်းစက်လှေသမားများ အလုပ်ဖြစ်၍ မျှင်ငပိရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)