လားရှိုးမြို့ လားရှိုးဂေါက်ကလပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့်ကယ်ဒီများ အတွက် စားသုံးဆီများ ရောင်းချပေး

လားရှိုး အောက်တိုဘာ ၁၂

လားရှိုးမြို့၊ လားရှိုးဂေါက်ကလပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ကယ်ဒီများ အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ အစီအစဉ်ဖြင့် စားသုံးဆီ များကို ယမန်နေ့  ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီရောင်းချခြင်းကို လားရှိုးမြို့၊ရွှေသံလွင်လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးကျော်သူရမှ ဦးစီးပြီး ဂေါက်ကလပ်ဝန်ထမ်းများ၊ ကယ်ဒီများ၏ မိသားစုဝင် (၃၀၀) အတွက် စားသုံးဆီ (၃၀၀) ပိဿာကို တစ်ပိဿာ ငါးထောင်ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စားသုံးဆီများကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဦးကိုကိုမျိုး ဈေးဆိုင်၊ ဦးထွန်းထွန်းဝင်းကုန်စုံဆိုင်၊ စိုးမိုးကုန်စုံဆိုင်၊ ၁၁ ရက်နေ့တွင် ဒေါ်နွေးလေးကုန်စုံဆိုင်၊ အောင်ဆီစက်၊ ဒေါ်တင်စိန်ကုန်စုံဆိုင်၊ ၁၂ ရက်နေ့တွင် နဂါးမင်းစတိုး ၊ ဦးကံယျကုန်စုံဆိုင် ၊ ဒေါ်စုကုန်စုံဆိုင် အောက်တိုဘာလ ၆ ရက်နေ့တွင် လားရှိုးမြို့ ရေပန်းလမ်းဆုံအနီးရှိ ရွှေနဂါးစားသုံးဆီဆိုင်နှင့် မြို့မဈေးကြီးတို့တွင် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

စိုင်းထွန်း (လားရှိုး)