အမာ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်းတွင် ကလေးငယ်များ၏ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများ ပြုလုပ်ပေးရာတွင် အကြီးတန်းအဆင့် ကလေးငယ်များအတွက် မပုလဲဥနှင့် မဖားပြုတ်ပုံပြင်ဖြင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကိုယ်စီစွမ်းအားကဗျာဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုရွက်ဆိတ်သီချင်းဖြင့် အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲများနှင့် အငယ်တန်းအဆင့် ကလေးငယ်များအတွက် မနီကလေးကဗျာဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဘာတွေလုပ်သလဲ သီချင်းဖြင့် အဖွဲ့လိုက်သီချင်းဆို ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ရာ ကလေးငယ်များမှ ပျော်ရွှင်တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူအားလုံးကို တာဝန်ရှိသူများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် မူကြိုကျောင်းအုပ်ဆရာမကြီးများ၊ အမာမူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်မီမီကိုနှင့် ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူကလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)