ကြံခင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှု

ကြံခင်း အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍမြင့်မား စေရန်နှင့် မိုးစပါးအထွက်နှုန်းတိုတက်မြင့်မားစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးမြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးလျက်ရှိရာ ကြံတောအုပ်စု လမ်းဘေးဝဲယာတွင် ပိုက်ဆံလျှော်ဧက (၁.၀၀) စိုက်ပျိုးထားခြင်းနှင့် နိုင်ငံစီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် ထားသော ကွေ့မကျေးရွာအုပ်စုရှိ  တောင်သူဦးခင်လွင်၏ ကွင်းအမှတ်(၄၆)၊ ဦးပိုင်အမှတ် (၃၂၀)၊ ဧက(၄.၀၀)တွင် မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှု စိုက်ခင်းအား ကြည့်ရှုပြီး တောင်သူများနှင့် သက်ဆိုင်ရာစိုက်တိုးမြှင့်တာဝန်ရှိသူများဖြင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)