ရမည်းသင်း အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျွဲတပ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ" ကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်းက လူငယ်လူရွယ်များအား ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည် မွန်များဖြစ်လာစေရန်၊ အကျင့်စာရိတ္တနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရမည့် ကိုယ်ကျင့်တရားနှင့်ပြည့်ဝသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းအသိပညာပေး ရှင်းလင်း ပြောကြားပြီးကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတဉာဏ်မေးခွန်းများမေးမြန်း၍ ဆုလက်ဆောင်များချီးမြှင့်ခဲ့သည်။
ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက သုတ၊ရသစာအုပ်များ၊ အသိပညာပေးနံရံကပ် စာစောင်များ၊ ဓါတ်ပုံများကိုပြသခဲ့ရာ ဆရာ/ ဆရာမများ၊ကျောင်း သား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။
လားတူအောင်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌လည်း အသိပညာပေး ဟောပြောခြင်း၊ သုတ၊ ရသစာအုပ်များ၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓါတ်ပုံများကို ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)