ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂ /၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကသာ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ၌ ပထမအကြိမ် ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၃)ကိုလည်း အောင်အောင်မြင်မြင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ယနေ့ခေတ်ကာလတွင် မည်သည့်နယ်ပယ် အဖွဲ့အစည်းအတွင်းတွင်မဆို နည်းပညာသည် အဓိကဖြစ်နေသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊  လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ နည်းပညာနှင့် အကျွမ်းတဝင်ဖြစ်စေရန်၊ ကွန်ပျူတာပညာရပ်ကို စနစ်တကျ လေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ် သင်တန်းကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးတွင်လည်း ဖွင့်လှစ်လျက်ရှိကြောင်းနှင့် နယ်ပယ်အသီးသီးမှ သင်တန်းသားများအနေဖြင့် အခြေခံသင်တန်းပြီးဆုံးသွားသည့် အခါမှာလည်း စဉ်ဆက်မပြတ် လေ့ကျင့်သင်ယူရင်း မိမိကိုယ်ကို အမြဲတိုးတက်နေအောင် ကြိုးစားနေထိုင်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပထမအကြိမ် ကွန်ပျူတာသင်တန်း (၁/၂၀၂၃)တွင် နည်းပြအဖြစ် ကူညီဆောင်ရွက်ခဲ့သော သင်တန်းနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသား/ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)