မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မှော်ဘီ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မွန်းလွဲ ၁နာရီအချိန်က မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစိုးလှိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တည်ဆဲအခွန်ဥပဒေနှင့်သိကောင်းစရာများ​လည်းကောင်း၊ စည်းကမ်းချက်များအားလုပ်ငန်းရှင်များမှသိရှိထားရမည်ဖြစ် ကြောင်း မှော်ဘီမြို့နယ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ရွှေဆိုင်များ၊ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းဖုန်းအရောင်းဆိုင်များ ပြေစာအ မှတ်တံဆိပ်များကို စနစ်တကျကပ်နှိပ်ရန်နှင့် အခွန်အခများအားလည်းပုံမှန်ပေးသွင်းရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်သိန်းက တက်ရောက်လာသောလုပ်ငန်းရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာနဌာနမှူးဦးစိုးလှိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူးအောင်သိန်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိ ယဦးစီးမှူးဒေါ်သဲနုထွေး၊ စီမံကိန်းဦးစီးအရာရှိဦးသူရစိုး၊ မြို့နယ်စည်ပင်သာယာရေးမှဦးစီးအရာရှိဒေါ်ရင်ရင်လှနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မှော်ဘီမြို့နယ်အတွင်းရှိဟိုတယ်နှင့်တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ လက်ကိုင်ဖုန်းအရောင်းဆိုင်များနှင့်လုပ်ငန်းရှင်များ အခွန်ဆိုင်ရာအသိပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝင်းဇော်(ပြန်/ဆက်)